ကန့်သတ်အလုံပိတ်နေရာများတွင် အလုပ်ကျန်းမာရေးစစ်ဆေးခြင်းဆိုသည်မှာအဘယ်နည်း

Last updated: 11 Sep 2024  |  10521 ကြည့်ရှုခြင်း  | 

ตรวจสุขภาพการทำงานในที่อับอากาศคืออะไร

      အလုပ်အကိုင်တစ်ခုစီ၏အလုပ်သဘောသဘာ၀သည် ကွဲပြားမှု့ရှိပါသည်။သို့သော်လုံလောက်သောအကာကွယ်မရှိလျှင်မတော်တဆထိခိုက်မှု့အန္တရာယ်သည် မချိန်မရွေးအမြဲဖြစ်နိုင်ခြင်းနှင့် (သို့)အလုပ်သမား ကိုယ်တိုင်၏ကျန်းမာရေးပြသနာလည်းဖြစ်ပါသည်။ထို့အတွက်ကြောင့် အလုပ်မ၀င်မီကျန်းမာရေးစစ်ခြင်းဟူ၍ပေါ်ပေါက်လာပါသည်။ ဤဆောင်းပါး၌ကန့်သတ်အလုံပိတ်နေရာများတွင်အလုပ်ကျန်းမာရေးစစ်ဆေးခြင်း ဆိုသည်မှာအဘယ်နည်းနှင့်ဘာတွေစစ်ဆေးရမည်ကိုကျွန်ုတို့ပြောကြည့်ကြပါမည်။

 

ကန့်သတ်အလုံပိတ်နေရာများရှိ စည်းမျဉ်းသတ်မှတ်ချက်များ

      အလုပ်သမား၀န်ကြီးဌာန၏စည်းမျဉ်းများးအရကန့်သတ်အလုံပိတ်နေရာနေရာ (Comfined Space) ဆိုသည်မှာ အ၀င်အထွက်ကန့်သတ်မှု့ရှိပြီး အမြဲတစေအလုပ် လုပ်နိုင်ရန်ဒီဇိုင်းထုတ်ထားခြင်းမရှိသောနေရာများ၊အကန့်အသတ်ရှိသောနေရာများ၊ပိုက်များ၊မီးဖိုများ၊ဓာတ်မီးများ၊ဉမင်များ၊လှိုဏ်ခေါင်းများ၊တွင်းများ၊မြေအောက်ခန်းများ၊လုံခြုံစိတ်ချရသောအခန်းများနှင့် အခြားသောအခန်းများ (သို့) ထိုကဲ့သို့သောလုပ်ငန်းခွင်ပတ်၀န်းကျင်နေရာများဖြစ်ပါသည်။ ထို့နောက် အန္တရာယ်ရှိသောလေထုဟူသော၀ေါဟာရသည် အောက်ဆီဂျင် တစ်ရာ ရာခိုင်နှုန်းတွင် 19.5 အောက် (သို့) ထုထည်အားဖြင့် 23.5 ထက်ပိုပါ၀င်ပါသည်။သတ်မှတ်ထားသောပမာဏထက်ပို၍မီးလောင်လွယ်သော၊ပေါက်ကွဲစေတတ်သောဓာတ်ငွေ့များ၊အခိုးအငွေ့များနှင့် မှိုများပါ၀င်ပါသည်။ထို့ကြောင့် အလုပ်ရှင်များသည် ၀န်ထမ်းမှအသက်ရှုလမ်းကြောင်းနှင့်ပက်သက်၍ရောဂါ (သို့) အလုပ်လုပ်ချိန်အတွင်း၌ အန္တရာယ်ဖြစ်စေသောမည်သည့်အခြားရောဂါများမရှိကြောင်းအားအတည်ပြုနိုင်ရန်အတွက် အလုပ်မစတင်မီ ကျန်းမာရေးစစ်ဆေးမှု့အားဉီးစွာပြုလုပ်ရန်လိုအပ်ပါသည်။ 

 

ကန့်သတ်အလုံပိတ်နေရာများတွင်အလုပ် လုပ်ရန်ကျန်းမာရေးစစ်ဆေးရာ၌ ဘာတွေစစ်ရမည်လဲ

        ဆရာ၀န်ထံမှ ဆေးထောက်ခံစာလက်မှတ်ရယူရန်အတွက် ကျန်းမာရေးစစ်ဆေးရာတွင် 2 ပိုင်းခွဲထားပါသည်။၄င်တို့မှာ ကျန်းမာရေးအချက်အလက်များအားစစ်ခြင်းနှင့်ပြင်ပရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာစစ်ဆေးခြင်းဟူ၍ဖြစ်ပါသည်။ကျန်းမာရေးမေးခွန်းများသည် အောက်ပါရောဂါများနှင့်ဆက်စပ်မှု့ရှိပါသည်။

  1. နှလုံးအဆို့ရှင်ပိတ်ခြင်း(သို့)အပေါက်ပါခြင်း

  2. ကြွက်သားနှင့်ဆိုင်သောရောဂါများနှင့်နှလုံးသွေးကြောရောဂါ

  3. နှလုံးခုန်နှုန်းပုံမှန်မဖြစ်ခြင်းရောဂါ

  4. နှလုံးကြီးခြင်းရောဂါ

  5. အဆုပ်လေအိတ်ဖောင်းပွခြင်းရောဂါ (Emphysema)

  6. ပန်းနာရင်ကျပ်ရောဂါ

  7. အဆုပ်ရောဂါ

  8. ၀က်ရူးပျံရောဂါ

  9. ကြွက်သားအားနည်းခြင်းရောဂါ

  10. ဉီးနှောက်သွေးကြောရောဂါ

  11. အာရုံကြောနှင့်ပက်သက်သောရောဂါ

  12. အဆစ်အမြစ်ရောင်ခြင်းနှင့်ပက်သက်သောရောဂါ

  13. အရိုးနှင့်အဆစ်များပုံမှန်မဖြစ်ခြင်းရောဂါ

  14. ကျဉ်းမြောင်းသောနေရာအားကြောက်သောရောဂါ

  15. စိတ်ရောဂါ

  16. ဆီီးချိုရောဂါ

  17. သွေးထွက်လွယ်သောလက္ခဏာများ 

  18. အူကျွံခြင်းရောဂါ

  19. ကိုယ်၀န်ရှိခြင်း(သို့)မရှိခြင်း

  20. ရာသီနောက်ဆုံးလာသောအချိန်

 

ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာစစ်ဆေးခြင်းတွင်၄င်းတို့ပါ၀င်ပါသည်။

  1. ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း

  2. သွေးပေါင်ချိန်ခြင်း

  3. နှလုံးခုန်နှုန်း

  4. အီးစီဂျီရိုက်ခြင်း

  5. ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း

  6. အဆုပ်လုပ်ဆောင်ချက်

  7. သွေးဥများ၏အရည်အသွေး

  8. အကွာအ၀ေးအမြင်

  9. စကားအသံအကြားအာရုံ

      အလုံပိတ်နေရာများတွင်အလုပ်လုပ်မည့်သူများ၏ကျန်းမာရေးစစ်သင့်သည့်အချိန်သည် 1 နှစ်လျှင်တစ်ကြိမ် (သို့) ကျန်းမာရေးကိုထိခိုက်စေနိုင်သောရောဂါရှိလျှင်ဆရာ၀န်ညွှန်ကြားသည့်အတိုင်းစစ်ဆေးသင့်ပါသည်။ အလုံပိတ်နေရာများတွင်အလုပ်လုပ်မည့်သူများ၏ကျန်းမာရေးစစ်မှု့လိုအပ်သူများအတွက် သင်အိမ်အနီးနားရှိ Intouch Medicare ဆေးခန်းတွင်၀န်ဆောင်မှု့အားရယူနိုင်ပါသည်။မိမိရည်ရွယယ်ထားသည့်အတိုင်းအလိုရှိသလိုသုံးနိုင်ရန်နှင့်တိကျသောအဖြေကျန်းမာရေးစစ်ဆေးမှု့ရလဒ်အတွက်ကျွန်ုပ်တို့တွင်စံနှုန်းများနှင့်ကိုက်ညီသောခေတ်မီစက်ကိရိယာများနှင့် ဆရာ၀န်များရှိပါသည်။

 

အလုပ်မဝင်ခင်ကျန်းမာရေးစစ်ဆေးခြင်း (အုပ်စုအဆင့်အတန်း)


 

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 
  Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)
  marketing3
  อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy