4. သန့်သန့်စင်စင်နေအောင်ရေချိုးခြင်း
ကလေးမွေးပြီးနောက် 12-14 နာရီနောက်ပိုင်းသည် မိခင်သည်ရေချိုးနိုင်ပါသည်။အကယ်၍အမေသည် နို့ရည်အများထွက်နေပါက အထဲကအကျီကိုမကြာခဏလဲပေးနိုင်ပါသည် သို့မဟုတ်ပ၀ါနဲ့သုတ်လို့ရပြီး နို့ရည်ကိုဗူးထဲစုပ်ထားပြီးသိမ်းထားနိုင်ပါသည်
5. ရင်သားနှင့်နို့သီးခေါင်းသန့်စင်ရမည်
မွေးပြီးနောက်အမေများသည်နို့ရည်အမြဲထွက်နေပါမည် မိမိ၏ကလေးလဲနို့ရည်တိုက်ရမည်ဖြစ်တဲ့တွက်ကြောင့် မွေးပြီးနောက်သန့်ရှင်းရမည်ဖြစ်ပါသည်။အကောင်းဆုံးနည်းလမ်းမှာတော့ နို့မတိုက်ခင်အခါတိုင်းမှာ၀ါဂွမ်းကိုရေနွေးနဲ့စွတ်ပြီးရင်သားနှင့်နို့သီးခေါင်း၀န်းကျင်ကိုသုတ်ပြီးသန့်ရှင်းရေးလုပ်ပေးသင့်ပါသည်။
6. ခွဲစိတ်ထားရသောချုပ်ရာကိုဂရုစိုက်ရခြင်း
မိခင်သည်ရိုးရိုးမွေးသည်ဖြစ်စေ၊ခွဲမွေးသည်ဖြစ်စေ မည်သို့နည်းနဲ့မွေးသည်ဖြစ်စေချုပ်ရာတော့ရှိပါမည်၊အဲ့တာကြောင့်မိခင်သည် ချုပ်ရာကိုပိုးမ၀င်အောင်နှင့်ရောင်ရမ်းမှုများမဖြစ်စေရန်အတွက် သေချာဂရုစိုက်ရပြီးသန့်စင်စွာလုပ်ထားပြီးနေရပါမည်။၎င်းသည်ကလေးကိုကျွေးမွေးရန်အတွက်သက်ရောက်စေပါမည်။
7. မွေးဖွားပြီးနောက်စစ်ဆေးခြင်း
ကိုယ်၀န်မဆောင်ခင်ကျန်းမာရေးစစ်ဆေးသာလျှင်မဟုတ်ပါ မွေးဖွားပြီးနောက်စစ်ဆေးခြင်းလဲအရေးကြီးပါသည်။ပုံမှန်အရဆိုရင် ဗိုက်အပ်ထားသောဆရာ၀န်သို့မဟုတ်မွေးဖွားပေးသောဆရာ၀န်သည် မိမိမွေးပြီးနောက် ၁လနောက်ပိုင်းသည်သားအိမ်စစ်ဆေးရန်အတွက်ရက်ချိန်းပေးမည်ဖြစ်ပါသည်၊ သားအိမ်တွင်းပိုင်းစစ်ဆေးခြင်း၊သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း အကယ်၍မူမမှန်ခြင်းများရှိပါကအချိန်မှီကုသဖို့ရန်ရရှိပါမည်။
ကလေးရှိချင်ကြသောမိခင်များသည် အများအားဖြင့် ကိုယ်၀န်မတိုင်ခင်၊ ကိုယ်၀န်နေစဉ်၊ မွေးဖွားပြီးနောက်အထိ သူတို့သည်အဆင်သင့်ပြင်ဆင်ထားကြပါသည်။ထိုအချိန်ကာလများသည် မိမိ၏ကလေးငယ်ကိုကောင်းကျိုး၊ဆိုးကျိုးသက်ရောက်စေပါမည်။မိခင်ကျန်းမာရေးကောင်းသလောက်မိမိ၏ကလေးငယ်ကိုလဲကြီးထွားဖွံ့ဖြိုးမှုကောင်းစေပါမည် ၊အဲ့လိုသိပြီးနောက်မိခင်များကျန်းမာရေးဂရုစိုက်ဖို့ရန်မမေ့ကြပါနဲ။