စာရင်းစစ်ရန် ဆီးချိုမှတောင်းဆိုသောရောဂါလက္ခဏာ 9 ချက်

ဆိးချိုရောဂါသည် အစောပိုင်းအဆင့်များတွင်သိသာထင်ရှားသောမူမမှန်မှု့များ မပြတတ်သည့်ရောဂါမျိုးဖြစ်ပါသည်။၄င်အား သတိထားမိသောအချိန်တွင် နောက်ဆက်တွဲရောဂါလက္ခဏာများဖြစ်လာနိုင်ပြီးဖြစ်ပါသည်။ဆီးချိုရောဂါဖြစ်သူ စံနှုန်းပိုများလာသောရောဂါတစ်မျိုးအဖြစ်မှတ်ယူရပြီးလုံးလုံးပျောက်ခြင်းမရှိပဲ နှာတာရှည်ဖြစ်သောရောဂါတစ်မျိုးလည်းဖြစ်ပါသည်။ထို့ကြောင့်  ၄င်းသည်အခြားရှုပ်ထွေးသောနောက်ဆက်တွဲရောဂါများဖြစ်ပွားနိုင်ချေပိုများပါသည်။ပျံ့ပွားမှု့ကြောင့်ခန္ဓာကိုယ်၏အရေးကြီးသော အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးသည်အထိပြင်းထန်လာ ပါသည်။ထို့ကြောင့်ဆီးချိုရောဂါ၏လက္ခဏာ 9 ချက်အားလေံလာကြည့်ပါမှ အချိန်နှင့်တပြေးညီ မိမိကိုယ်ကိုယ်ပြုစုကုသနိုင်မည်ဖြစ်ပါသည်။

ဆီးချိုမှတောင်းဆိုသောရောဂါလက္ခဏာ 9 ချက်

ဆီးချိုမှတောင်းဆိုသောရောဂါလက္ခဏာ 9 ချက်

မိမိကိုယ်ကိုယ်စမ်း၍လေ့လာစာရင်းစစ်ဆေးကြည့်ပါ ဤလက္ခဏာများမည်မျှအနည်းအများရှိခြင်းအား အဘယ်ကြောင့်ဆိုသော် သင်ကိုယ်တိုင်ဆီးချိုဖြစ်နေနိုင်သောကြောင့်လည်းဖြစ်ပါသည်။

  1. ပုံမှန်မဟုတ်သော မကြာခဏဆီးသွားခြင်း
  2. လည်ချောင်းခြောက်သလိုခံစားရ၍ မကြာခဏရေဆာခြင်း
  3. မကြာခဏဆာလောင်ပြီး အရင်ထက်ပိုစားများလာခြင်း
  4. ဘာကြောင်းကြောင့်မှန်းမသိပဲ ကိုယ်အလေးချိန်ကျခြင်း
  5. ဒဏ်ရာဖြစ်သောအခါ ပျောက်ရန် ပုံမှန်အချိန်ထက်ပိုကြာခြင်း
  6. လုံလောက်သွာအနားယူးရသော်လည်း နွမ်းနယ်၍အမရှိခြင်း
  7. ခေါင်းမူးခြင်း၊အမြင်မှုန်ဝါးခြင်း၊တစ်ခါတစ်ရံအမြင်မသဲကွဲခြင်း
  8. အရေပြားခြောက်၍ခန္ဓာကိုယ်ယားယံခြင်း(သို့)မိန်းမဂိုလ်တစ်၀ိုက်ယားယံခြင်း
  9. လက်ဖျား၊ခြေဖျားတို့၌ထုံကျင်ခြင်း

ဆီးချိုရောဂါဖြစ်စေသောအချက်များ

အထက်ဖော်ပြပါ လက္ခဏာများရှိပါက ဆီးချိုရောဂါသည်မျိုးရိုးလိုက်နိုင်သာရောဂါဖြစ်သောကြောင့် သင့်တွင်ဆီးချိုရောဂါဖြစ်နိုင်ချေ မည်မျှဖြစ်နိုင်ကြောင်းသုံးသပ်သင့်ပါသည်။ ထို့ကြောင့် ယခင်ကဆီးချိုရောဂါ ဖြစ်ခဲံဖူးသောမိဘ၊ညီအစ်ကိုမောင်နှမများ (သို့) ဆွေမျိုးရိုးရှိ/မရှိအားလေ့လာသင့်ပါသည်။အဘယ်ကြောင့်ဆိုသော်ကလေးငယ်များတွင်လည်းဆီးချိုရောဂါဖြစစ်နိုင်ချေ  50 % ထိဖြစ်နိုင်သောကြောင့်ဖြစ်ပါသည်။

ဆီးချိုရောဂါဖြစ်စေသောမျိုးစရိုးဗီဇများအပြင်၊လူနေမှု့ပုံစံစသည့်အမူအကျင့်များအားဖြစစ်ပေါ်စေသောအကြောင်းအရင်းတစ်ခုဟုယူဆနိုင်ပြီး သကြားဓာတ်များသောအစားအစာများနှင့်အဆီဓာတ်များသောအစားများစားလိုစိတ်ရှိလာခြင်းသည်လည်းဆီးချိုရောဂါဖြစ်စေနိုင်ပါသည်။ပုံမှန်ဂိမ်းထက်အဝလွန်သောသူများသည် လေံကျင့်ခန်းပြုလုပ်ခြင်းမရှိပါက သွေးတွင်းအဆီများပြီး သွေးတိုးရောဂါ၊သွေးပေါင်ချိန်မြင့်ခြင်းကြောင့်ဆီးချိုရောဂါဖြစ်နိုင်ချေပိုများပါသည်။

ထို့ကြောင့်ဆီးချိုရောဂါဖြစ်နိုင်သည်ဟုချေအားသံသယရှိလျှင် စာရင်းစစ်ကြည့်သောအခါဆီးချိုရောဂါ၏လက္ခဏာအချက်တော်တော်များများနှင့်လိုက်ဖက်နေသည်ဟုခံစားရပါကတွန့်ဆုပ်ခြင်းမပြုပဲသင်၏သကြားဓာတ်အဆင့်သည် ဆီးချိုရောဂါဖြစ်နိုင်ချေရှိ / မရှိအားစစ်ဆေးရန်ဆရာ၀န်နှင့်ပြသသင့်ပြီဖြစ်ကြောင်းအထူးအကြံပြုပါသည်။ သို့သော်ဆီးချိုရောဂါ၏ထင်ရှားသောလက္ခဏာများမရှိပါက၊ရောဂါလက္ခဏာအားအတည်ပြုရန် အနည်းဆုံးတစ်ကြိမ်ဆီးချိုစစ်ဆေးမှု့အားထပ်မံပြုလုပ်ရန်လိုအပ်ပါသည်။အကယ်၍သင့်တွင်ဆီးချိုရောဂါရှိနေပါကဆရာ၀န်၏ညွှန်ကြားချက်အတိုင်း ဂရုစိုက်သင့်ပါသည်။

ဆီးချိုရောဂါစစ်ဆေးခြင်း၏ပရိုဂရမ်

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက

Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)  

Feel free to contact us via Line

 @qns9056c

อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)

Latest edit : 23/04/2024

Images may be used without prior permission exclusively for educational or informational purposes, as long as proper credit is given to intouchmedicare.com