နိုင်ငံခြားသားအလုပ်သမားများ၏ကျန်းမာရေးစစ်ဆေးမှု့သည် လုပ်ငန်းခွင်အတွင်း ရောဂါဖြစ်ပေါ်ကူးစက်နိုင်မှု့ အန္တရာယ်အား လျှော့ချစေမည်ဖြစ်သောကြောင့် အဖွဲ့အစည်းတိုင်းသတိထားရမည့် အရေးကြီးသောအကြောင်းတစ်ရပ်ဖြစ်ပါသည်။အလုပ်ခန့်ရာတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ကိုယ်ခန္ဓာနှင့်ကျန်းမာရေးပဏာမအခြေအနေ အသင့်ရှိနိုင်မှု့အနည်းအများအားအကဲဖြတ်ရာတွင် ကူညီထောက်ပံ့မှု့ပေးပါသည်။ရေရှည်တွင် အဖွဲ့အစည်းအတွက် ပြည်သူကျန်းမာရေး ကုန်ကျစရိတ်အားလျှော့ချပေးရန်နှင့် အဖွဲ့အစည်း၏ပုံရိပ်ကိုလည်းမြှင့်တင်ပေးပါသည်။ ဥပဒေနှင့်အညီ လိုက်နာမှု့အပါအဝင်နှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ကျန်းမာရေးစစ်ဆေးမှု့သည် ဆေးခန်း၌စစ်ဆေးလို့ရနိုင်ပါသလားဟုမေးခွန်းအား မေးနေကြသောသူများအတွက် ဤဆောင်းပါးတွင်အဖြေရှိပါသည်။
နိုင်ငံခြားအလုပ်သမားများ၏ကျန်းမာရေးစစ်ဆေးမှု့သည် ဆေးခန်း၌စစ်ဆေးလို့ရနိုင်ပါသလား?
တရားဝင်အားဖြင့်ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးလိုသူ (သို့) work permit အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားလိုသူများသည် ဆရာဝန်ဆေးလက်မှတ်အားအတည်ပြုရန်အတွက် ကျန်းမာရေးစစ်ဆေးမှု့ခံယူရန်လိုအပ်ပါသည်။အလုပ်ရှင်သည် ၄င်းတို့အား အစိုးရဆေးရုံ (သို့) ဆေးကောင်စီမှဆေးကုသခွင့်လိုင်စင်ရထားသောပုဂ္ဂလိကဆေးခန်းများတွင်ကျန်းမာရေးစစ်ဆေးနိုင်ပါသည်။ထို့ကြောင့် နိုင်ငံခြားအလုပ်သမားများ၏ကျန်းမာရေးစစ်ဆေးမှု့ဆေးလက်မှတ်ထောက်ခံစာသက်တမ်းသည်စစ်ဆေးသည့်နေ့မှစ၍ ရက်ပေါင်း 60 ရက်သက်တမ်းခန့်ရှိပါသည်။
Work Permit လျှောက်ထားရန်အတွက် နိုင်ငံခြားအလုပ်သမားများ၏ကျန်းမာရေးစစ်ဆေးမှု့သည် ဘာတွေစစ်ဆေးရမည်နည်း။
နိုင်ငံခြားသားအလုပ်သမားများအတွက်ကျန်းမာရေးစစ်ဆေးခြင်း (Work Permit Program) အတွက်ဆေးလက်မှတ်သည်အောက်ပါအတိုင်းစစ်ဆေးရန်လိုပါသည်၊၎င်းတို့မှာ-
-
အထူးကုဆရာ၀န်အားဖြင့်မိမိကိုယ်ခန္ဓာစစ်ဆေးပေးခြင်း / Physical Examination
-
သွေးပေါင်ချိန်တိုင်းတာခြင်း, သွေးခုန်နှုန်း, ကိုယ်အလေးချိန်, အရပ်အမြင့်တိုင်းတာခြင်း / Vital Signs
-
အဆုတ်နှင့်နှလုံးကြည့်ရှုရန် X-Ray ဓါတ်မှန်ရိုက်ခြင်း / Chest X-ray
-
မူးယစ်ဆေးဝါးစစ်ဆေးခြင်း / Urine Met,Amphetamine
-
ဆစ်ဖလစ်ရောဂါအတွက်အပြုသဘောဆောင်သောသွေးတုံ့ပြန်မှုအားစစ်ဆေးခြင်း / VDRL
-
အေ့(ချ်)အိုင်ဗီပိုးစစ်ဆေးခြင်း / Anti HIV
ရောဂါ (၆) မျိုး၏ဆေးလက်မှတ်ထောက်ခံစာရွက်စာတမ်း၌ မည်သည့်ရောဂါများပါရှိပါသလဲ
နိုင်ငံခြားအလုပ်သမားများ၏ကျန်းမာရေးစစ်ဆေးမှု့တွင် Work Permit (သို့) အလုပ်ပါမစ်ရရန်တင်သွင်းခြင်းဆေးလက်မှတ်တောင်းခံရန် ရောဂါ 6 မျိုးအတွက် ဆေးလက်မှတ်ထောက်ခံစာအားဆရာဝန်မှထုတ်ပေးမည်ဖြစ်ပါသည်။အောက်ပါရောဂါများအပါအဝင်-
-
လက်ပရိုစီအနာကြီးရောဂါ / Leprosy
-
အန္တရာယ်ရှိသောအဆင့် အဆုပ်တီဘီရောဂါ / Advandced Pulmonary Tuberculosis
-
မူးယစ်ဆေးစွဲရောဂါ / Drug addiction
-
နာတာရှည်အရက်စွဲခြင်းရောဂါ / Chronic alcoholish
-
ဆင်ခြေထောက်ရောဂါ / Elephantiasis
-
တတိယအဆင့်ရှိဆစ်ဖလစ်ရောဂါ / Tertiary syphilis
နိုင်ငံခြားသားအလုပ်သမားများကျန်းမာရေးမစစ်ဆေးမီကြိုတင်ပြင်ဆင်လာသင့်သောအချက်များ
Intouch Medicare ဆေးခန်း၏ နိုင်ငံခြားအလုပ်သမားများ၏ကျန်းမာရေးစစ်ဆေးမှု့အားစိတ်ဝင်စားသူများအတွက် မရှုပ်ထွေးသောအဆင့်နှင့်အဆင်ပြေမြန်ဆန်မှု့များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
-
ရေနှင့်အစာများရှောင်လာရန်မလိုအပ်ပါ။သို့ပေမဲ့ ကျန်းမာရေးမစစ်ဆေးမီ 24 နာရီအတွင်း အရက်သောက်ခြင်းမှရှောင်ကြဥ်ခဲ့ပါရန်
-
သင့်လက်မောင်းတွင်သွေးဖောက်၍သွေးစစ်ရန်အတွက်(သို့)သွေးပေါင်ချိန်တိုင်းတာရန်အဆင်ပြေနိုင်သောရှပ်အကျီကို၀တ်လာသင့်သည်။
-
တိကျသောရလဒ်အဖြေများရရှိရန်အတွက်အိပ်ရေးအ၀အိပ်လာသင့်သည် မစစ်ခင်တရက်အိပ်ရေးမပျက်သင့်ပါ။
-
ရောဂါရှာဖွေရာတွင်တွဲ၍အသုံးပြုနိုင်ရန်အတွက်အဆုတ်ဓါတ်မှန်ဟောင်းရိုက်ထားခြင်းရှိပါက ယူဆောင်လာသင့်သည်။
-
အမျိုးသမီးများသည် ကိုယ်၀န်ရှိသည်ဟုသံသယရှိပါကစစ်ဆေးမှု့မပြုမီ ၀န်ထမ်းများအားကြိုတင် ကြောင်းကြားပေးပါရန်။
Work permit အလုပ်လုပ်ခွင့်ပါမစ်ပြုလုပ်ရန် (သို့) အလုပ်ပါမစ်သက်တမ်းတိုးရန်နိုင်ငံခြားအလုပ်သမားများ၏ကျန်းမာရေးစစ်ဆေးမှု့သည် မှန်ကန်သောဥပဒေနှင့်အညီပြုလုပ်သင့်သည့်လိုအပ်မှု့ဖြစ်သော်လည်း ကုန်ကျစရိတ် အလွန်အကျွံ့မြင့်မားခြင်းလည်းမရှိပဲ အလုပ်ရှင်များအတွက်ပါအကျိုးရှိပါသည်။ Intouch Medicare ဆေးခန်း၏ နိုင်ငံခြားအလုပ်သမားများ၏ကျန်းမာရေးစစ်ဆေးမှု့အားစိတ်ဝင်စားသူများအတွက် ကျွန်ုပ်တို့တွင် ဆေးဘက်ဆိုင်ရာအထူးကုဆရာဝန်များနှင့်ခေတ်မီစက်ကိရိယာများ အတွေ့အကြုံရှိသောဝန်ထမ်းများ သတ်မှတ်ထားသောဥပဒေအရ စံချိန်စံညွှန်းအပါအဝင် လက်ခံရရှိထားမှု့များကြောင့် တိကျမြန်ဆန်သောရလဒ်အဖြေများသည် သင့်အားစိတ်ချရစေမည်ဖြစ်ပါသည်။အိတ်ဆောင်အဆင်ပြေစျေးနှုန်းဖြင့် Google ကျွန်ုပ်အနီးနားရှိ ဆေးခန်းဟုရိုက်၍ရှာဖွေခြင်းဖြင့် (သို့) ဝက် (ဘ်) ဆိုက်မျက်နှာပြင်ရှိ ဆက်သွယ်နိုင်သောလမ်းကြောင်းများမှတစ်ဆင့်ဆက်သွယ်ခြင်းဖြင့် သင်အိမ်အနီရှိ ဆေးခန်းဌာနခွဲတိုင်းတွင် ဝန်ဆောင်မှု့အားရယူနိုင်ပါသည်။
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)
อินทัชเมดิแคร์คลินิกเวชกรรม (အင်ထပ်မီဒယ်ခဲဆေးခန်း)
นายอัชวิน ธรรมสุนทร
ผู้จัดการทั่วไป
แก้ไขล่าสุด : 23/04/2024
อนุญาตให้ใช้งานภาพโดยไม่ต้องขออนุญาต เฉพาะในเชิงให้ความรู้ หรือเพื่อการศึกษาเท่านั้น โดยต้องให้เครดิตหรือแสดงแหล่งที่มาของ intouchmedicare.com