သန္ဓေတားဆေးထိုးခြင်းနှင့် ပဋိသန္ဓေတားဆေးကြား ကွာခြားချက် ၈ ချက်
-
၁. သန္ဓေတားဆေးထိရောက်မှု
-
၂. သန္ဓေတားဆေးထိုးခြင်းနှင့် သန္ဓေတားဆေဆေးပြားများအတွက်ဈေးနှုန်းများ
-
၃. ကိုယ်ဝန်တားကာလ
-
၄. ပူပင်သောက
-
၅. ၃လခံထိုးဆေးသည် သွေးအားနည်းနေသူများအတွက်သင့်တော်ပါသည်
-
၆. ပဋိသန္ဓေတားဆေးသောက်ခြင်းသည် ချက်ချင်းရပ်တန့်နိုင်သည်။
-
၇. အဆင်ပြေသောသန္ဓေတားခြင်း
-
၈. ဆေးထိုးသည်.နေရာမှာ နာကျင်ခြင်း
၁. သန္ဓေတားဆေးထိရောက်မှု
သန္ဓေတားနည်း၏ထိရောက်မှုထဲတွင် သန္ဓေတားဆေးထိုးခြင်းသည် ကိုယ်ဝန်ကိုကာကွယ်ရာတွင် ပိုထိရောက်သည်ဟုယူဆပါသည်။
ဟော်မုန်းတစ်မျိုးတည်းဖြစ်စေ (progesterone ဟော်မုန်းတစ်မျိုးတည်းသာ) သို့မဟုတ် ပေါင်းစပ်ဟော်မုန်းများ (ပရိုဂျက်စတီရုန်းနှင့် အီစထရိုဂျင် ) ပေါင်းစပ်ခြင်းသည် ကိုယ်ဝန်ကို ၉၉ ရာခိုင်နှုန်းအထိတားဆီးနိုင်သည်။
သန္ဓေတားဆေးသောက်သုံးခြင်းသည် မှန်ကန်သောနည်းဖြင်.သောက်သုံးမှုတွင် 0.03% ကိုယ်ဝန်ရနိုင်ချေရှိပြီး 9.7% ကိုကာကွယ်နိုင်သော်လည်း တားဆေးသောက်ရန်မေ့သွားပါက သို.မဟုတ် အချိန်မှန်သောက်သုံးဖို.မေ.ပါကကိုယ်ဝန်ရနိုင်ချေ ၉
ရာခိုင်နှုန်းအထိတိုးလာပါသည်။
၂. သန္ဓေတားဆေးထိုးဆေးများနှင့် သန္ဓေတားသောက်ဆေး၏စျေးနှုန်းများ
သန္ဓေတားဆေးထိုးခြင်းနှင့် သန္ဓေတားဆေးများ၏ ကုန်ကျစရိတ်ကိုကြည့်ကြပါစို့။ ဆေးအမျိုးအစားပေါ်မူတည်၍ ဆယ်ဂဏန်းမှရာဂဏန်းအထိစျေးနှုန်းရှိပါသည်။ (ထိရောက်မှုမရှိပြီး အန္တရာယ်ရှိနိုင်သောကြောင့် အလွန်စျေးသက်သာသောအမျိုးအစားကို
ဝယ်ရန်အကြံမပြုလိုပါ။)
၁ လခံထိုးဆေးအတွက် ကျွန်ုပ်တို့အင်ထပ်မီဒယ်ခဲဆေးခန်း၏စျေးနှုန်းသည် ၄၉၉ ဘတ်မှစတင်ပြီး ၃ လခံအတွက်စျေးနှုန်းမှာ ၃၉၉ ဘတ်မှစတင်ပါသည်။ ဆရာဝန်၏ရောဂါရှာဖွေမှုအရ ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။
သန္ဓေတားဆေးထိုးခြင်း အစီအစဉ်ကိုကြည့်ပါ
၃. ကိုယ်ဝန်တားကာလ
သန္ဓေတားဆေးထိုးခြင်းနှင့် သန္ဓေတားဆေးသောက်ခြင်းကြား အဓိကကွာခြားချက်မှာ ကိုယ်ဝန်တားနိုင်သောကာလဖြစ်သည်။ သမားရိုးကျပဋိသန္ဓေတားဆေးကို ၂၁ ရက်နှင့် ၂၈ ရက်ပုံစံ နှစ်မျိုးစလုံးဖြင့်ရရှိသည်။
သန္ဓေတားဆေး ၁ ကဒ်သည် ၁ လခံကိုယ်ဝန်တားနိုင်ပြီး နောက်အမျိုးအစားသည် အရေးပေါ်သန္ဓေတားဆေးဖြစ်သည်။ ဆေးကဒ် ၁ ကဒ်တွင်ဆေး ၂ ပြားပါဝင်ပြီး ရည်ရွယ်ဘဲလိင်ဆက်ဆံသောအခါတွင် အသုံးပြုခြင်း သို့မဟုတ် အခြားသောသန္ဓေတား
နည်း၏ ပျက်ကွက်မှုကြောင်းအသုံးနိုင်ပါသည်။
သန္ဓေတားထိုးဆေးကို ၁ လမှ ၃ လခံ ရွေးချယ်နိုင်ပါသည်။
၄. သန္ဓေတားဆေးထိုးပြီးနောက်စိတ်ပူပန်ခြင်း
သန္ဓေတားဆေးထိုးခြင်းနှင့် အထက်ဖော်ပြပါသန္ဓေတားဆေးများသောက်ခြင်းကြားကွာခြားချက်မှာ ကိုယ်ဝန်ရနိုင်ချေကို စိုးရိမ်စရာမလိုကြောင်.ဟုရှုမြင်နိုင်သည်။ သန္ဓေတားဆေးထိုးခြင်းသည် စိတ်ပူပန်မှုနည်းပါးစေသောကြောင့် ဆေးသောက်ရန်မေ့
သွားခြင်းအတွက် စိုးရိမ်စရာမလိုပါ။ ထို့အပြင် အလုံးစုံစွမ်းဆောင်ရည်ကိုလည်းကောင်းမွန်သည်ဟုယူဆပါသည်။
သန္ဓေတားဆေးထိုးခြင်း၏အကျိုးသက်ရောက်မှုများ
ပဋိသန္ဓေတားဆေးသောက်ရန်မေ့လျော့ခြင်းသည် ရာသီလာချိန်ရောက်သည်အထိစောင့်ဆိုင်းရသည့် လူများစွာအတွက် စိတ်ဖိစီးမှုဖြစ်စေသည်။
၅. ၃လခံထိုးဆေးသည် သွေးအားနည်းနေသူများအတွက်သင့်တော်ပါသည်
လူတော်တော်များများမသိနိုင်သည်.အချက်ကတော့ ၃ လ သန္ဓေတားဆေးထိုးခြင်းသည် သွေးအားနည်းနေသူတွေအတွက်လည်းသင့်တော်ပါသည်။ ဓမ္မတာပျောက်စေခြင်းကြောင့် ဤလူနာအုပ်စုအတွက်သင့်လျော်ပြီး ပိုမိုထိရောက်သောသန္ဓေတားဆေး
ရွေးချယ်မှုဟု ယူဆပါသည်။
၆. ပဋိသန္ဓေတားဆေးသောက်ခြင်းကို ချက်ချင်းရပ်တန့်နိုင်သည်
သန္ဓေတားဆေးထိုးခြင်းနှင့် ပဋိသန္ဓေတားဆေးသောက်ခြင်းကြားနောက်ဆုံးကွာခြားချက်မှာ ပုံမှန်မဟုတ်သောကိုယ်အလေးချိန်တက်ခြင်း သို့မဟုတ် ပျို့အန်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများရှိပါက ချက်ချင်းရပ်သောက်နိုင်ပါသည်။
သန္ဓေတားဆေးထိုးခြင်းသည် တခြားသန္ဓေတားနည်းပြောင်းလိုပါက တားဆေးထိုးထားသည်. ရက်ချိန်းနောက်ဆုံးရက်အထိစောင့်ရပါမည်။
၇. အဆင်ပြေသောသန္ဓေတားခြင်း
သန္ဓေတားဆေးထိုးခြင်း၏အားသာချက်များ သက်တောင့်သက်သာအသုံးပြုရလွယ်ကူပြီး သန္ဓေတားသောက်ဆေးကဲ့သို့နေ့စဉ်သောက်သုံးရန်မလိုဘဲ ၁ လ သို့မဟုတ် ၃ လအထိကိုယ်ဝန်တားနိုင်ပါသည်။
သန္ဓေတားဆေးထိုးခြင်း၏အကျိုးသက်ရောက်မှုများ
လစဉ်သန္ဓေတားဆေးကိုသောက်နေစဉ် ဆေးဝါးအားလုံးကိုအချိန်မှန်သောက်ရပါမည်။ သောက်သုံးရန် လုံးဝမမေ့သင်.ပါ။
၈. ဆေးထိုးသည့်နေရာ၌ နာကျင်ခြင်း
သန္ဓေတားဆေးထိုးခြင်းသည် လစဉ်ထိုးဆေးကြောင်. နာကျင်နေရမည် သို.ပေမယ့် သိပ်မနာပါ။ ပဋိသန္ဓေတားဆေးသောက်ခြင်းသည် သန္ဓေတားထိုးဆေးလိုမနာပါ ဘေးထွက်ဆိုးကျိုးအနည်းငယ်သာရှိသည်။
ဤအရာအားလုံးသည် သန္ဓေတားဆေးထိုးခြင်းနှင့် ပဋိသန္ဓေတားဆေးသောက်ခြင်းကြး ခြားနားချက်ဖြစ်သည်။ သန္ဓေတားနည်းကိုဆုံးဖြတ်ရာတွင် အခြေခံအချက်အလက်များအဖြစ်အသုံးပြုဖြစ်သည်။
သင့်အတွက်သင့်လျော်သောသန္ဓေတားဆေးကိုရွေးချယ်ပါ
ဝန်ဆောင်မှုအတွက် ရက်ချိန်းယူရန်နှိပ်ပါ
သို့သော်လည်းမေးစရာရှိသူများ သို့မဟုတ် သန္ဓေတားဆေးထိုးချင်သူများ သို့မဟုတ် လက်မောင်းအောက်သန္ဓေတားဆေးထည်.လိုသူများဝန်ဆောင်မှုကို Google တွင်ကျွန်ုပ်အနီးရှိဆေးခန်းကိုရှာဖွေခြင်းဖြင့် သင်အိမ်အနီးရှိအင်ထပ်မီဒယ်ခဲဆေးခန်း၏
မည်သည့်ဌာနခွဲတွင်မဆိုဝန်ဆောင်မှုရယူနိုင်ပါသည်။
သို့မဟုတ် ဝဘ်ဆိုဒ်ရှိချန်နယ်များမှတဆင့်ဆက်သွယ်ပါ။ သင့်လျော်ပြီးဘေးကင်းလုံခြုံသောသန္ဓေတားဆေးကို အကြံဉာဏ်ပေးရန်အတွက် ကျွန်ုပ်တို့တွင်သက်သာသောစျေးနှုန်းဖြင့်အထူးပြုဆရာဝန်များရှိပါသည်။
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)
อินทัชเมดิแคร์คลินิกเวชกรรม (အင်ထပ်မီဒယ်ခဲဆေးခန်း)
Mr.Achawin Thamsoonthorn
General Manager
Latest edit : 03/01/2025
Images may be used without prior permission exclusively for educational or informational purposes, as long as proper credit is given to intouchmedicare.com