အလုပ်အကိုင်တစ်ခုစီ၏အလုပ်သဘောသဘာ၀သည် ကွဲပြားမှု့ရှိပါသည်။သို့သော်လုံလောက်သောအကာကွယ်မရှိလျှင်မတော်တဆထိခိုက်မှု့အန္တရာယ်သည် မချိန်မရွေးအမြဲဖြစ်နိုင်ခြင်းနှင့် (သို့)အလုပ်သမား ကိုယ်တိုင်၏ကျန်းမာရေးပြသနာလည်းဖြစ်ပါသည်။ထို့အတွက်ကြောင့် အလုပ်မ၀င်မီကျန်းမာရေးစစ်ခြင်းဟူ၍ပေါ်ပေါက်လာပါသည်။ ဤဆောင်းပါး၌ကန့်သတ်အလုံပိတ်နေရာများတွင်အလုပ်ကျန်းမာရေးစစ်ဆေးခြင်း ဆိုသည်မှာအဘယ်နည်းနှင့်ဘာတွေစစ်ဆေးရမည်ကိုကျွန်ုတို့ပြောကြည့်ကြပါမည်။
ကန့်သတ်အလုံပိတ်နေရာများရှိ စည်းမျဉ်းသတ်မှတ်ချက်များ
အလုပ်သမား၀န်ကြီးဌာန၏စည်းမျဉ်းများးအရကန့်သတ်အလုံပိတ်နေရာနေရာ (Comfined Space) ဆိုသည်မှာ အ၀င်အထွက်ကန့်သတ်မှု့ရှိပြီး အမြဲတစေအလုပ် လုပ်နိုင်ရန်ဒီဇိုင်းထုတ်ထားခြင်းမရှိသောနေရာများ၊အကန့်အသတ်ရှိသောနေရာများ၊ပိုက်များ၊မီးဖိုများ၊ဓာတ်မီးများ၊ဉမင်များ၊လှိုဏ်ခေါင်းများ၊တွင်းများ၊မြေအောက်ခန်းများ၊လုံခြုံစိတ်ချရသောအခန်းများနှင့် အခြားသောအခန်းများ (သို့) ထိုကဲ့သို့သောလုပ်ငန်းခွင်ပတ်၀န်းကျင်နေရာများဖြစ်ပါသည်။ ထို့နောက် အန္တရာယ်ရှိသောလေထုဟူသော၀ေါဟာရသည် အောက်ဆီဂျင် တစ်ရာ ရာခိုင်နှုန်းတွင် 19.5 အောက် (သို့) ထုထည်အားဖြင့် 23.5 ထက်ပိုပါ၀င်ပါသည်။သတ်မှတ်ထားသောပမာဏထက်ပို၍မီးလောင်လွယ်သော၊ပေါက်ကွဲစေတတ်သောဓာတ်ငွေ့များ၊အခိုးအငွေ့များနှင့် မှိုများပါ၀င်ပါသည်။ထို့ကြောင့် အလုပ်ရှင်များသည် ၀န်ထမ်းမှအသက်ရှုလမ်းကြောင်းနှင့်ပက်သက်၍ရောဂါ (သို့) အလုပ်လုပ်ချိန်အတွင်း၌ အန္တရာယ်ဖြစ်စေသောမည်သည့်အခြားရောဂါများမရှိကြောင်းအားအတည်ပြုနိုင်ရန်အတွက် အလုပ်မစတင်မီ ကျန်းမာရေးစစ်ဆေးမှု့အားဉီးစွာပြုလုပ်ရန်လိုအပ်ပါသည်။
ကန့်သတ်အလုံပိတ်နေရာများတွင်အလုပ် လုပ်ရန်ကျန်းမာရေးစစ်ဆေးရာ၌ ဘာတွေစစ်ရမည်လဲ
ဆရာ၀န်ထံမှ ဆေးထောက်ခံစာလက်မှတ်ရယူရန်အတွက် ကျန်းမာရေးစစ်ဆေးရာတွင် 2 ပိုင်းခွဲထားပါသည်။၄င်တို့မှာ ကျန်းမာရေးအချက်အလက်များအားစစ်ခြင်းနှင့်ပြင်ပရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာစစ်ဆေးခြင်းဟူ၍ဖြစ်ပါသည်။ကျန်းမာရေးမေးခွန်းများသည် အောက်ပါရောဂါများနှင့်ဆက်စပ်မှု့ရှိပါသည်။
- နှလုံးအဆို့ရှင်ပိတ်ခြင်း(သို့)အပေါက်ပါခြင်း
- ကြွက်သားနှင့်ဆိုင်သောရောဂါများနှင့်နှလုံးသွေးကြောရောဂါ
- နှလုံးခုန်နှုန်းပုံမှန်မဖြစ်ခြင်းရောဂါ
- နှလုံးကြီးခြင်းရောဂါ
- အဆုပ်လေအိတ်ဖောင်းပွခြင်းရောဂါ (Emphysema)
- ပန်းနာရင်ကျပ်ရောဂါ
- အဆုပ်ရောဂါ
- ၀က်ရူးပျံရောဂါ
- ကြွက်သားအားနည်းခြင်းရောဂါ
- ဉီးနှောက်သွေးကြောရောဂါ
- အာရုံကြောနှင့်ပက်သက်သောရောဂါ
- အဆစ်အမြစ်ရောင်ခြင်းနှင့်ပက်သက်သောရောဂါ
- အရိုးနှင့်အဆစ်များပုံမှန်မဖြစ်ခြင်းရောဂါ
- ကျဉ်းမြောင်းသောနေရာအားကြောက်သောရောဂါ
- စိတ်ရောဂါ
- ဆီီးချိုရောဂါ
- သွေးထွက်လွယ်သောလက္ခဏာများ
- အူကျွံခြင်းရောဂါ
- ကိုယ်၀န်ရှိခြင်း(သို့)မရှိခြင်း
- ရာသီနောက်ဆုံးလာသောအချိန်
ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာစစ်ဆေးခြင်းတွင်၄င်းတို့ပါ၀င်ပါသည်။
- ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း
- သွေးပေါင်ချိန်ခြင်း
- နှလုံးခုန်နှုန်း
- အီးစီဂျီရိုက်ခြင်း
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း
- အဆုပ်လုပ်ဆောင်ချက်
- သွေးဥများ၏အရည်အသွေး
- အကွာအ၀ေးအမြင်
- စကားအသံအကြားအာရုံ
အလုံပိတ်နေရာများတွင်အလုပ်လုပ်မည့်သူများ၏ကျန်းမာရေးစစ်သင့်သည့်အချိန်သည် 1 နှစ်လျှင်တစ်ကြိမ် (သို့) ကျန်းမာရေးကိုထိခိုက်စေနိုင်သောရောဂါရှိလျှင်ဆရာ၀န်ညွှန်ကြားသည့်အတိုင်းစစ်ဆေးသင့်ပါသည်။ အလုံပိတ်နေရာများတွင်အလုပ်လုပ်မည့်သူများ၏ကျန်းမာရေးစစ်မှု့လိုအပ်သူများအတွက် သင်အိမ်အနီးနားရှိ Intouch Medicare ဆေးခန်းတွင်၀န်ဆောင်မှု့အားရယူနိုင်ပါသည်။မိမိရည်ရွယယ်ထားသည့်အတိုင်းအလိုရှိသလိုသုံးနိုင်ရန်နှင့်တိကျသောအဖြေကျန်းမာရေးစစ်ဆေးမှု့ရလဒ်အတွက်ကျွန်ုပ်တို့တွင်စံနှုန်းများနှင့်ကိုက်ညီသောခေတ်မီစက်ကိရိယာများနှင့် ဆရာ၀န်များရှိပါသည်။
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)
อินทัชเมดิแคร์คลินิกเวชกรรม (အင်ထပ်မီဒယ်ခဲဆေးခန်း)
Mr.Achawin Thamsoonthorn
General Manager
Latest edit : 11/09/2024
Images may be used without prior permission exclusively for educational or informational purposes, as long as proper credit is given to intouchmedicare.com