ဗိုက်အပ်ပြီးနောက် မိခင်သည်ကိုယ်၀န်ချိန်ကာလ၌မိမိကိုယ်ကိုဘယ်လိုပြုစုစောင့်ရှောက်ရမလဲ

ဗိုက်အပ်ပြီးနောက် မိခင်သည်ကိုယ်၀န်ချိန်ကာလ၌မိမိကိုယ်ကိုဘယ်လိုပြုစုစောင့်ရှောက်ရမလဲ

မိမိသည်ကိုယ်၀န်ရှိတာသေချာပြီး‌နောက်ပထမဉီးဆုံးလုပ်ဆောင်ရမည့်အချက်သည်ဆရာ၀န်ထံသို့မိမိရွေးချယ်သောနေရာကိုဗိုက်သွားအပ်ရန်ဖြစ်ပါသည်၊ကိုယ်၀န်ချိန်ကာလ၌ မိမိ၏ကျန်းမာရေးကိုစစ်ဆေးရန်နှင့်ဆရာ၀န်ထံအကြံဉာဏ်ရရှိဖို့ရန်အတွက်ဖြစ်ပါသည်။မိခင်သည်ကိုယ်၀န်ဆောင်ကာလ၌လုပ်သင့်သောအရာနှင့်မလုပ်သင့်သောအရာများသည်အောက်ပါအတိုင်းဖော် ပြထားပါသည်။၎င်းတို့မှာ-

ကိုယ်၀န်ဆောင်ချိန်ကာလ၌လုပ်သင့်သောအချက်များ

  1. ကိုယ်၀န်ရှိတာသိပြီးတဲ့နောက်ချက်ချင်းဗိုက်အပ်ရမည်။
  2. ဆေးမသောက်ခင်သို့မဟုတ် အမြဲသောက်နေနောဆေးကိုရပ်သောက်မယ်ဆိုရင်ဗိုက်အပ်ထားတဲ့ဆရာ၀န်ထံကိုအကြံဉာဏ်ယူရမည်။
  3. သင်၏ကိုယ်ဝန်ဆောင်ဆရာဝန်ညွှန်ကြားသည့်အတိုင်းတစ်နေ့လျှင် ဖောလစ်အက်ဆစ် ၀.၄-၀.၈ မီလီဂရမ်ပါ၀င်သောဗီတာမင်ကိုသောက်ရမည်။
  4. ကိုယ်ဝန် ၂၈ ပတ်ထက်ကျော်လျှင်ကိုယ်ဝန်ဆောင်အမျိုးသမီးသည်နေ့စဉ်ကလေးငယ်၏လှုပ်ရှားမှုများကိုသတိပြုသင့်သည်။ ဗိုက်ထဲ၌သန္ဓေသားသည် နေ့ခင်းပိုင်းထက်ညဘက်မှာပိုမိုတွန်းပြီးလှုပ်ရှားနေနေကိုတွေ့ရှိရပါသည်။ သို့သော်မူမမှန်သောလက္ခဏာများကိုတွေ့ရှိလျှင်ဆရာဝန်နှင့်ချက်ချင်းတိုင်ပင်သင့်သည်။
  5. ကိုယ်ဝန်ဆောင်ချိန်မှာမိခင်တွေဟာအစားအစာမျိုးစုံစားသင့်ပါသည်၊ ကျန်းကျန်းမာမာအောင်နေသင့်သည်၊ ရေအလုံအလောက်သောက်သင့်ပါသည်။
  6. လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာပုံမှန်တကျရှိသောမိမိ၏ကိုယ်အလေးချိန်ထိန်းပေးသင့်ပါသည်။
  7. လုံလောက်စွာအိပ်သင့်ပြီး မိခင်နှင့်ကလေးပါ မမွေးခင်နှင့် မွေးပြီးနောက် မိမိ၏ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာရောကျန်းမာရေးပါကောင်းမွန်စေရန်အတွက်ဖြစ်ပါသည်။
  8. ဆရာ၀န်၏ရက်ချိန်းအရလာပေးသင့်ပါသည် ကလေး၏ကြီးထွားဖွိ့ဖြိုးမှုကိုသိဖို့ရန်အတွက် လိင်သိဖို့အချိန်တန်ပြီးနောက်ဆရာ၀န်သည်မိမိကိုအန်ထာဆောင်းရိုက်ပေးပါမည်။‌ ‌‌‌‌

ကိုယ်၀န်ဆောင်ချိန်ကာလ၌မလုပ်သင့်သောအချက်များ

  1. ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်နှင့်အရက်ကိုမသောက်သင့်ပါ၊ မူးယစ်ဆေးဝါးအမျိုးမျိုးကိုလဲမသုံးသင့်ပါသည်၊ဆေးလိပ်သောက်တဲ့သူတွေအနီးမှာနေတာမျိုးကိုရှောင်ပေးသင့်ပါသည်၊ မိခင်၏အမျိုးသားဆေးလိပ်သောက်ရ‌င် ‌‌‌‌ ‌ ဝေးဝေးနေပေးသင့်ပါသည်။သို့မဟုတ်ကိုယ်၀န်နေစဉ်နှင့်မွေးပြီးနောက်အထိဆေးလိပ်ဖြတ်တာကိုရှောင်နိုင်ရင်ပယ်ဖျက်နိုင်လျှင်၎င်းသည်အလွန်ကောင်းသောရလဒ်ဖြစ်လိမ့်မည်။
  2. မာကျူရီပါဝင်သောငါးများမစားသင့်ပါ
  3. ရေပူပူချိုးခြင်းနှင့် sauna များလုပ်ဆောင်ခြင်းကိုရှောင်သင့်ပါသည်
  4. ဓာတုပစ္စည်းအားလုံးသုံးခြင်းကိုရှောင်သင့်ပါသည်

ကိုယ်ဝန်ဆောင်စဉ်မည်သည့်ဆေးဝါးမဆိုသုံးစွဲခြင်းသည်အလွန်သတိထားရန်လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော်ကလေးငယ်သည်အမျိုးမျိုးသောကိုယ်တွင်းအင်္ဂါများကိုဖွံ့ဖြိုးစေသောကြောင့်ဖြစ်သည်။ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့်လုပ်ဆောင်ချက်နှစ်ခုလုံး၌ရှိသည် မူးယစ်ဆေးသို့မဟုတ်အမေစားတာကကလေးဆီကိုကူးစက်နိုင်သောကြောင့်ဖြစ်သည်။၎င်းသည်မွေးရာပါမသန်စွမ်းမှုကိုဖြစ်စေနိုင်သည်။

ကိုယ်၀န်မိခင်များအတွက်ဆေးများသုံးစွဲခြင်းကိုအကြံပြုချက်

ကိုယ်ဝန်ဆောင်ချိန်မှာမိခင်တွေဟာဆေးဝါးတွေကိုလိုအပ်သလိုဘဲသောက်သင့်ပါသည်အချို့လက္ခဏာများမှာ ပျို့ခြင်းနှင့်အန်ခြင်းကဲ့သို့သောလက္ခဏာများ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊ အိပ်မပျော်ခြင်း၊ ဤလက္ခဏာများသည်ဆေးသောက်ရန်မလိုအပ်ပါသည် ဒါပေမယ့်ဆေးတစ်မျိုးမျိုးသောက်ဖို့လိုအပ်ရင် အလွန်မပြင်းသောဆေးသာလျှင်သုံးသင့်ပါသည် ။ ဆေးများကိုသင်ကိုယ်တိုင်မစားသင့်ပါ၊ ဆေးသည်သင်၏မမွေးသေးသောကလေးကိုထိခိုက်စေသလားမသေချာရင် မည်သည့်ဆေးကို ၀ယ်သည်ဖြစ်စေ၊ ဆေး၀န်ဆောင်မှုကိုလက်ခံသောအခါဖြစ်စေသင်၏ဗိုက်အပ်ထားသောဆရာဝန်ကိုတိုင်ပင်သင့်ပြီး သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲမေးမြန်းသင့်ပါသည်။

ဗိုက်အပ်ထားပြီး အပေါ် ကညွန်ထားသောအချက်အရကိုမှန်မှန်ကန်ကန်လိုက်လုပ်ဆောင်ရင် ‌အမေရောမွေးလာမယ့်ကလေးပါကျန်းမာပြီးသန်မာစေပါမည်။ဤအတိုင်းလိုက်လုပ်ပါက မွေးပြီးနောက်စစ်ဆေးရင် ကျန်းမာရေးပိုင်းကိုထိခိုက်စေနိုင်ခြေအလွန်နည်းပါးပါမည် သို့မဟုတ် လုံး၀မရှိပါသည်။အဲ့လိုသိထားပြီးလျှင် မိမိကိုယ်ကိုဂရုစိုက်ပြုစုစောင့်ရှောက်ဖို့ရန်မမေ့ပါနဲ့။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက

Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)  

Feel free to contact us via Line

 @qns9056c

อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)

Latest edit : 03/07/2024

Images may be used without prior permission exclusively for educational or informational purposes, as long as proper credit is given to intouchmedicare.com