1.အောက်ဆီဂျင်ပျက်ခြင်းအခြေအနေ
ကန့်သတ်နေရာအများစုတွင် အောက်ဆီဂျင်ပါဝင်မှုနည်းပါသည်။ ထို့ကြောင့် ကန့်သတ်ကျဉ်းမြောင်းသောနေရာများတွင် လုပ်သောအလုပ်သမားများသည် ကျန်းမာသန်စွမ်းပြီး ပတ်ဝန်းကျင်ဒဏ်ကို ခံနိုင်ရည်ရှိရန် အဆင်သင့်ဖြစ်ရ မည်။ ထို့ကြောင့် ဤလုပ်ငန်းတွင် နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုသည် အလွန် အရေးကြီးပါသည်။
ကျန်းမာရေးစစ်ဆေးခြင်း
ကန့်သတ်နေရာများ၌အလုပ်လုပ်ခြင်းဆိုသည်မှာ
2.မီးလောင်ခြင်း ဥပမာ ဂက်စ်ပေါက်ကွဲခြင်း (Combustible Gas)
အချို့အလုပ်နေရာများသည် ဓာတ်ငွေ့ပိုက်လိုင်းများ သို့မဟုတ် ဓာတ်ငွေ့ သိုလှောင်ကန်များဖြစ်သည်။ ထို့ကြောင့် လူတိုင်းရဲ့ လုံခြုံရေးအတွက် လုပ်ငန်းခွင်အနီးတစ်ဝိုက်တွင် မီးပွားများ သို့မဟုတ် ကန့်သတ်ထားသောနေရာ များတွင် ဆေးလိပ်မသောက်ရန် အလုပ်သမားများ သတိထားရပါမည်။
3.ဖုန်မှုန့်များကို ရှူရှိုက်ခြင်း။
ဖုန်မှုန့်သည် မကြာခဏတွေ့ရှိရသောအရာတစ်ခုဖြစ်သည်။အထူးသဖြင့်သေး ငယ်သော အမှုန်အမွှား PM2.5 သည် ကျဉ်းမြောင်းသောနေရာများတွင် အလုပ် လုပ်သောအခါ ဖုန်မှုန့်များကို ရှူရှိုက်မိခြင်းမှ ကာကွယ်ရန် Mask တပ်ရမည် ဖြစ်ပြီး နှင့် အန္တရာယ်ရှိသောဧရိယာများတွင် မျက်နှာဖုံးများကိုဖယ်ရှားခြင်းမှ ရှောင်ကြဉ်ပါ။
4.အဆိပ်ဓာတ်ငွေ့အားရှူရှိုက်မိခြင်း
အထက်ဖော်ပြပါအတိုင်း အချို့သော လုပ်ငန်းခွင်များသည် ဓာတ်ငွေ့ပိုက်လိုင်း များ သို့မဟုတ် ဓာတ်ငွေ့သိုလှောင်ကန်များဖြစ်သည်။ မိလ္လာစုပုံခြင်းမှ ဓာတ်ငွေ့ထွက်ရှိရာ အချို့နေရာများတွင်လည်း အလားတူပင်ဖြစ်ပြီး အဆိပ် ဓာတ်ငွေ့ကိုဖြစ်စေနိုင်သည်။ ဒါကြောင့် စိုစွတ်သောနေရာများတွင် အလုပ်လုပ် သည့်အခါတိုင်း မျက်နှာနှင့် Mask တပ်ပြီး Mask ၏ တင်းကျပ်လုံခြုံမှု့အား စစ်ဆေးရပါမည်။
ကျန်းမာရေးစစ်ဆေးသင့်သောအလုပ်အကိုင်များ
သီးသန့်နေရာများတွင် အလုပ်လုပ်ရန်အတွက်
5.ပုံမှန်ထက် မြင့်မားသော သို့မဟုတ် နိမ့်သော အပူချိန်
အချို့သောနေရာများသည် မြေပြင်ထက် မြင့်ခြင်း သို့မဟုတ် နက်ခြင်းကြောင့် ပုံမှန်မဟုတ်သောအပူချိန်ကိုဖြစ်ပေါ်စေသည်။ထို့ကြောင့် ကျန်းမာရေးကောင်း ခြင်းဟူသည် အပူချိန်ပြောင်းလဲမှုများကို ခံနိုင်ရည်ရှိရန် မရှိမဖြစ်လိုအပ် ပါသည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် ခန္ဓာကိုယ်ကို ဟန်ချက်ညီစေဖို့ အတွက် အရေးပါတဲ့ အထောက်အကူတစ်ခုဖြစ်၍ နှစ်စဉ် သီးသန့်ကျန်းမာရေး စစ်ဆေးမှု့ပရိုဂရမ်အား စစ်ဆေးရန် မမေ့ပါနှင့်။
6.အကြားအာရုံစွမ်းရည် ကျဆင်းခြင်း။
ဘေးကင်းရန်အတွက် အကာအကွယ်အဝတ်အစားတွေဝတ်တဲ့အခါ လုံခြုံမှု့ အားရရှိပေမဲ့လည်း အကြားအာရုံ ကြည်လင်မှု လျော့နည်းလာသည်။ နောက်တစ်ခု သီးသန့်အလုံပိတ်နေရာအများဆုံးတွင် ပဲ့တင်သံလည်းပါရှိ ပါသည်။ ၎င်းသည် အကြားအာရုံစွမ်းဆောင်ရည်ကို များစွာဆိုးရွာကျဆင်းစေ ပါသည်။ ထို့ကြောင့် သီးသန့်ကျန်းမာရေးစစ်ဆေးသောပရိုဂရမ်များတွင် အကြားအာရုံစစ်ဆေးမှုအစီအစဉ်သည် အလွန်အရေးကြီးပါသည်။
7.အလင်းရောင်ရှိသောနေရာများ၌ အမြင်အာရုံမလုံလောက်ခြင်း
သီးသန့်နေရာများတွင် အလုပ်လုပ်သူများသည် ရှင်းလင်းသဲကွဲစွာမမြင်နိုင်ခြင်း မကြာခဏဖြစ်သောကြောင့် အလုပ်လုပ်ရာတွင်မှားယွင်းနိုင်ခြင်း သို့မဟုတ် အရေးပေါ်အခြေအနေတွင် ရှင်းလင်းသဲကွဲစွာ မမြင်ရပဲ အမြင်အာရုံ ချွတ်ယွင်း၍မှုန်ဝါးနေခြင်းကြောင့် အန္တရာယ်ရှိသောဧရိယာမှ အချိန်မီ ထွက်ပြေးရန် အဟန့်အတားဖြစ်စေသည်။
8.စိတ်ဖိစီးမှု့အခြေအနေ သို့မဟုတ် အလုပ်အနေအထားမှဖိအားများခြင်း ကြောင့်အလုပ်လုပ်ရာတွင်အမှားအယွင်းများဖြစ်ပေါ်စေခြင်း
စိတ်ဖိစီးမှု့အခြေအနေ သို့မဟုတ် အလုပ်အနေအထားများမှ ဖိအားများခြင်း ကြောင့် အလုပ်လုပ်ရာတွင် အမှားအယွင်းဖြစ်ပေါ်စေနိုင်ပါ သည်။ထိုကြောင့် သီးသန့်နေရာများတွင် အလုပ်လုပ်သူများသည် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပတ်ဝန်းကျင်မှ စိတ်ဖိစီးမှုကို ဖြစ်စေသောကြောင့် အလုပ်လုပ်ရာတွင် ပိုမို သတိထားသင့်ပါသည်။ စိတ်ဖိစီးမှုအခြေအနေဖြစ်ပေါ်မှု့ကို လျှော့ကျစေရန် အတွက် ဥပမာ အချင်းချင်း စကားပြောခြင်း သို့မဟုတ် ဆက်သွယ်ခြင်းများ ပြုလုပ်သင့်ပါသည်။
9.အရေးပေါ်အခြေအနေတွင် ဘေးလွတ်ရာသို့ ထွက်ခွာခြင်း အန္တရာယ်ရှိသော ဧရိယာမှ ရွှေ့ပြောင်းခြင်း
မတော်တဆထိခိုက်မှု့အခြေအနေများ သို့မဟုတ် အရေးပေါ်အခြေအနေ များသည် မည်သူမျှ မဖြစ်စေလိုသော အခြေအနေများဖြစ်သည်။ ဘေးလွတ် ရာသို့ ထွက်ခွာခြင်း အန္တရာယ်ရှိသောဧရိယာမှ ရွှေ့ပြောင်းခြင်းဆိုင်ရာ လေ့ကျင့်မှုများသည် မရှိမဖြစ် လိုအပ်ပြီး လျစ်လျူမရှုသင့်ပါ။ ၎င်းတို့၏ အရေးပါမှုကိုသတိပြုပြီး အာရုံစိုက်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် အရေးပေါ်အခြေအနေများသည် အချိန်နေရာမရွေး မည်သူကိုမဆိုဖြစ်စေနိုင် သောကြောင့်ဖြစ်ပါသည်။
10.အရေပြားရောင်ရမ်းခြင်း သို့မဟုတ် အဆိပ်အတောက်များမှလောင်ကျွမ်း ခြင်း။
ကန့်သတ်နေရာများတွင် လုပ်သောအလုပ်သမားများသည် အဆိပ်အတောက် များအားထိတွေ့ရခြင်း သို့မဟုတ် အင်းဆက် သို့မဟုတ် အချို့အဆိပ်ရှိသော တိရစ္ဆာန်များအား ထိတွေ့ လုပ်ကိုင်ရတတ်ခြင်းတို့ကြောင့် ဘေးကင်းရေး စံနှုန်းများနှင့် ကိုက်ညီသော အဝတ်အစားများအား ၀တ်ဆင်ခြင်းသည် မရှိမ ဖြစ်လိုအပ်သောအရာတစ်ခုလည်းဖြစ်ပါသည်။
ကျန်းမာရေးစစ်ဆေးမှုစာရင်း
ကန့်သတ်နေရာများတွင် လုပ်သောအလုပ်သမားများ
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)
อินทัชเมดิแคร์คลินิกเวชกรรม (အင်ထပ်မီဒယ်ခဲဆေးခန်း)
Mr.Achawin Thamsoonthorn
General Manager
Latest edit : 12/12/2024
Images may be used without prior permission exclusively for educational or informational purposes, as long as proper credit is given to intouchmedicare.com